ကဲ ဒီနေ့တော့ Program စရေးရအောင်မနေ့က ဘာတွေပြောသွားသလဲဆိုတော့ Java Program Structure လေးတွေကိုရေးပြသွားတယ်နော် အဲမှာမှ Java Run ရင်သုံးတဲ့ JVM ဆိုတာလည်းပြောသွား တယ်နော် .. ကဲကဲ.. ဒီနေ့တော့ Paratical ပိုင်းလည်းပါလာပီဗျို့..
ကဲ မစခင်.. လိုတာလေးကိုပြောမယ်… Java က JVM Platform ပေါ်မှာ Run တာပါ. ပီးတော့ Java ကသူ့ကိုပိုင် Own Compiler နဲ့လုပ်တာခင်ည.. ပီးတော့ Java ကို Class File ပြောင်းပီးတဲ့အခါ Line by line Java interpreter နဲ့လုပ်တယ်( အဲတော့သူလည်းလိုပါတယ် ).. ကဲ ဒီလိုမျိုးဟိုတစ် ဒီတစ်စလေးတွေကို Tools လို့ခေါ်ပါတယ်.. ကဲဒီတော့ ကျွန်တော်တို့ တစ်ခုချင်းစီလိုက်ရှာ ကြမလား.. ငိငိ. မလိုပါဘူး အဲတာတွေ အကုန်ပါတဲ့ Insall လုပ်လိုက်ရင် ပီးပါတယ်ခင်ည..
JDK လို့ခေါ်ပါတယ်.. Java Development Kids တဲ့
ကဲ မစခင်.. Intro လေးထပ်ဝင်မယ်နော် မခက်ပါဘူးဗျ… Software Development ကိုမြန်အောင် Programmer တွေက IDE တွေကိုသုံးပီး Develop လုပ်ကြပါတယ်.. ကျွန်တော်ကတော့ ဟိုး Basic ကနေ စပီးသင်ပေးချင်ပါတယ်.. IDE မသုံးပဲ.. Compiler ကိုခေါ်တာ.. Run တာကအစပေါ့.. Java မှာ Core လို့ခေါ်တဲ့ Command Prompt ကနေ Run ရအောင် :P
Compiler ကိုခေါ်သုံးတဲ့ Comment က javac Vodakar.java
Run မယ်ဆိုရင် Java Vodakar (သူက Compile လုပ်လို့ထွက်လာတဲ့ Class ကို Run တာပါ )
ကဲ စပီနော်.. ဖိုက်တင်း…
Requirements
ပထမဆုံး Desktop မှာ.. JavaLesson ဆိုတဲ့ Folder အသစ်ဆောက်ပေါ့ (Space မပါစေနဲ့နော်)
ပီးရင် ဒေါင်းလို့ရလာတဲ့ JDK လေးကို Install လုပ်ပေးပါ. ကျွန်တော်က JDK Version 6.0 ကိုသုံးပီးသင်မှာပါ. Version တွေ အများကြီးရှိတယ်နော်… အားရင် Google ကနေရှာဖတ်ပေါ့.. မခက်ပါဘူးးးး
ကဲဒါတွေက စတင်ရေးတော့ မယ် အခါ ကြိုတင်ပြင်ဆင်ရတာပေါ့ :P အော် ရေးပီးတိုင်းမှာ.. ခုနက JavaLesson ဆိုတဲ့ Folder အောက်မှာသိမ်းနော်..
Start the Java Code
ကဲစရေးပီ.. Notepad ဖွင့်လိုက်ပါ..
အောက်က ကုဒ်ကိုလိုက်ကူးပေတော့ ပီးရင် တစ်ကြောင်းချင်းစီ ဘာက ဘာလုပ်တယ်ဆိုတာရှင်းပြမယ် :)
public class HelloWorld{
public static void main(String []args){
System.out.println(“Hello World”);
}
}
ကဲ ရေးပီးသွားရင်.. HelloWorld.java နဲ့ Save ပါ ကိုယ်ကြိုက်တဲ့ နာမည်နဲ့ Save လို့မရဘူးနော်
ကဲရှင်းပီးး ဒီ Program က ဘာလုပ်တဲ့ ကောင်လဲဆိုတာ အရင်ပြောပါ့မယ်… သူက Monitor မှာ Hello World ဆိုတဲ့ စကားစုလေးကို ဖေါ်ပြပေးမယ့်ကောင်ဖြစ်ပါတယ်. ဒီ Program လေးမှာ စုစုပေါင်း Statement 5 ကြောင်းပါ ပါတယ်.
ပထမဆုံး Statement ဖြစ်တဲ့
public class HelloWorld{
သူက တော့ မနေ့ကပြောခဲ့ပါတယ် မှတ်မိသေးမယ်ထင်ပါရဲ့ Java Program တစ်ပုဒ်မှာ အနည်းဆုံး Class တစ်ခုရှိရပါမယ်ဆိုတာလေ.. အော်မေ့တော့မလို့ အရေးကြီးတယ်နော် Programming language တိုင်းက သတ်မှတ်ထားတဲ့ Key word တွေနဲ့အလုပ်လုပ်ပါတယ်.. ဥပမာ ဗျာ.. ဖုန်းတွေမှာပါတဲ့ Voice Dialer တွေလိုပေါ့. ကိုယ်က Open Calendar လို့ပြောလိုက်ရင် Programer က Open ဆိုတာကို Key word လို့သတ်မှတ်ထားတာပါ.. Open နောက်က ကပ်လိုက်လာတဲ့ စကားလုံးကို ဖွင့်ရမယ့် Program ( တစ်နည်းအားဖြင့် Value ပေါ့ ) အဲလိုသတ်မှတ်ပါတယ်.
ခုလည်းအဲလိုပဲ ဒီ Statement မှာ Key word တွေပါပါတယ်. မပါမဖြစ်ပါ.. နောက်ပိုင်းသိလာပါလိမ့်မယ် ဘယ်ဟာက Key word ဘယ်ဟာက Value .. ဆိုပီးပေါ့
ကဲဒီမှာ Keyword တွေက public, class, တွေဖြစ်တယ်… ဘာလုပ်တာလဲဆိုရင် public ဆိုတာ မည်သူကိုမဆို ဒီ Class ယူသုံးပိုင်ခွင့်ရှိတယ်လို့ပြောတာ. class ဆိုတာကဒီ ကောင်က Class လို့ပြောတာ..
* HelloWorld ဆိုတာ. သူက Class Name ပေါ့. သတိပြုရမှာက Save ရင် ClassName.java နဲ့ Save ရပါတယ်. *
ကဲဒုတိယ Statement လေးကို ဆက်လိုက်ရအောင်..
သေချာလေးဖတ်ပေးစေချင်ပါတယ် နောက်ပိုင်းဆို Logic လောက်ပဲပြောပြတော့မှာလေ တစ်ကြောင်းချင်းလိုက်မရှင်းတော့ဘူး.. J
public static void main(String []args){
သူက တော့ Main Method လေးပါ.. မနေ့ကပြောတယ်နော် Java မှာ စ Run တာနဲ့ Main method ထဲက Statement ကိုစ run တယ်ဆိုတာကိုလေ.. :P မသိရင်ပြန်ဖတ်နော်.. ကျော်မသွားနဲ့.. မခက်ဘူးနော်… မရှင်းရင်မေးနော်. သူကတော့ပုံသေပဲ Main method လို့ပြောလိုက်တာနဲ့ အမြဲဒီပုံပဲရေးတယ်…. အဲမှာ Key word တွေက အကုန်နီးပါးပဲ.. အဲတာ အသေကျက်ထားနော် Java Main Method ဆိုတာ :P Method တိုင်းဟာ Class ထဲမှာပဲရှိပါတယ် ..
ကဲတတိယ အကြောင်းးး
System.out.println(“Hello World”);
သူကတော့ Main method ထဲက Statement ပါ.. ဘာလုပ်တာလဲဆိုတော့ Monitor ပေါ် Out put ထုတ်တာပေါ့.. နောက်ပိုင်းကျရင် ဘာလို့လဲဆိုတာနားလည်မှာပါ.. ရှင်းထားတာလေးတွေပီးရင်. ကိုယ့်ဟာကို Run ကြည့်နော်.. ပျော်သွားလိမ့်မယ် :P “Hello World ” ဆိုတာက ပေါ်ချင်တဲ့စာသားပါ.. အဲမှာ “VoDa Kar” ဆို အနော့်နာမည်ပေါ့. ပေါ်ပါလိမ့်မယ်. :P
ကဲ 4 ကြောင်းမြောက်..
}
မနေ့က ကျွန်တော်ပြောခဲ့တယ်လေ Brace ဆိုတဲ့အကြောင်း “{}” ဆိုတာလေးတွေကိုသုံးတယ်ဆိုတဲအကြောင်း.. လေ.. Brace တိုင်းမှာ အဖွင့်ရှိရင် အပိတ်၇ှိပါတယ်.. ခုဟာက Main method ရဲ့ အပိတ်ပေါ့..
ငါးကြောင်းမြောက်က Class ရဲ့ အပိတ်ပေါ့… J
ကဲရှင်းတာပီးပီနော်… :P
Run the java in the core :P
ကဲဘာမှ မပူနဲ့ အနော် ပုံလေးတွေနဲ့ရှင်းပေးမယ်.. ပထမဆုံး Run box ကနေ Cmd လို့ရိုက်ပီး Core လေးကိုခေါ်လိုက်ပါ.. ကဲ Box မည်းမည်းကြီးပေါ်လာပါလိမ့်မယ်. :P ပုံကိုကြည့် လေ..
ပုံမှန်ဆို javac, တို့ java တို့လို့ ခေါ်ရင်မရပါဘူး.. သူတို့က JDK ထဲမှာပါတာပါ အနော်တို့ cmd ကနေ Path လမ်းကြောင်းပေးဖို့လိုပါတယ်..
Path က ..ဥပမာ ခင်ညားစက်က
C: မှာ Windows တင်ထားရင် C:\Program Files\Java\jre1.6.0\bin
D: မှာတင်ထားရင် D:\Program Files\Java\jre1.6.0\bin ပေါ့. Core မှာပေးမှာဖြစ်လို့ ဒီလိုလေးပေး
Path=C:\Program Files\Java\jre1.6.0\bin (အောက်ကပုံကိုကြည့် )
ပီးရင် ခင်ညားးး ရဲ့Desktop ပေါ်က JavaLesson ဆိုတဲ့ Folder ကိုရောက်အောင်သွားပါ ..
မသွားတတ်သူများအတွက် cd desktop/JavaLesson လို့ရိုက်လိုက် (အနော်သင်တာ Java နော် နောက်ခါ ဒါမသင်ပေးဘူး ဒါပဲ ) ….
ပီးရင်.. အောက်ကပုံ အတိုင်းပဲ javac HelloWorld.java လို့ရိုက်အနော်ကတော့.. LoopJava လို့ပေးထားတယ် အဲတာကြောင့် ပုံမှာအာ့လိုဖြစ်နေတာ. ခင်ဗျားတို့က
javac HelloWorld.java လို့ပေးရမှာနော် :P
တကယ်လို့သာ Error ကင်းမယ်ဆိုရင် (ကင်းမှာပါ.. Copy paste ပဲဟာကို) :P ခင်ညားတို့ Folder ထဲမှာ HelloWorld.class ဆိုတာလေးရောက်နေလိမ့်မယ်.. အဲဒီမှာ Java ဆိုတာက Compiler ကိုအသိပေးပီး Compile လုပ်လိုက်တာ.. Run ရမှာက အဲ Class ကို..
Run မယ်ဆို ရင် java HelloWorld လို့ရိုက်… အနော်ကတော့ LoopJava ဖြစ်လို့ ဒီလိုပဲရိုက်တယ်… :P ခင်ညားတို့ရိုက်ရမှာက javac HelloWorld နော်
ကဲ အနော့် ရဲ့ Class ဖိုင်လို ချင်တယ်ဆိုဒီကဒေါင်းး LoopJava ကို :P
ဒေါင်းပီးရင် အဲကောင်ကို Run ချင်ရင် java LoopJava လို့ရိုက် :P (Javac ဆိုတဲ့အဆင့်မလိုတော့ဘူးပေါ့ဗျာ)
အောင်မြင်ကြပါစေ. Error တက်ရင်တက်ပါလိမ့်မယ်.. တက်တာလေးကို ဒီမှာ လာမန့်ခဲ့ပါ.. ဘယ်လို ပြဿကြုံရလဲ ရယ်.. ဘာကိုနားမလည်ဘူးဆိုတာရယ်.. နားမလည်တာများပါလိမ့်မယ်
ဒါပေမယ့် အားမလျှော့ပါနဲ့.. တဖြည်းဖြည်းသိလာလိမ့်မယ်.. :P
No comments:
Post a Comment