Java Program Structure
ကဲ ဒီနေ့ ကတော့ Java Programming language ရဲ့ Program Structure လေးကို ပြောပြပါ့မယ်.
Programming language တိုင်းမှာ Program structure လေးတွေရှိပါတယ်… တစ်နည်း အားဖြင့် ရေးပုံ ရေး နည်းလေး ပေါ့.. ဥပမာဗျာ သိုင်းသင်ရင် ဂျူဒို ဆို ဂျူဒို အကွက် … တိုက်ကွမ်ဒို ဆို တိုက်ကွမ်ဒို အကွက်. သိုင်းတော့ သိုင်းပဲဗျ သူ့အကွက်နဲ့သူပေါ့လေ. အဲလိုပဲ ခုဟာက Java Language ရဲ့ အကွက်လေးပေါ့
Java Program Structure ကို Basic အားဖြင့် ဒီလိုသတ်မှတ်ပါတယ်.
1. Commentsကဲ ဒီနေ့ ကတော့ Java Programming language ရဲ့ Program Structure လေးကို ပြောပြပါ့မယ်.
Programming language တိုင်းမှာ Program structure လေးတွေရှိပါတယ်… တစ်နည်း အားဖြင့် ရေးပုံ ရေး နည်းလေး ပေါ့.. ဥပမာဗျာ သိုင်းသင်ရင် ဂျူဒို ဆို ဂျူဒို အကွက် … တိုက်ကွမ်ဒို ဆို တိုက်ကွမ်ဒို အကွက်. သိုင်းတော့ သိုင်းပဲဗျ သူ့အကွက်နဲ့သူပေါ့လေ. အဲလိုပဲ ခုဟာက Java Language ရဲ့ အကွက်လေးပေါ့
Java Program Structure ကို Basic အားဖြင့် ဒီလိုသတ်မှတ်ပါတယ်.
2. Class Definition
3. Main Method
4. Braces
5. Statements
Java ဟာ OOP ဖြစ်လို့ အရမ်းတိကျပါတယ်.. :P တစ်ခြားဟာတွေနဲ့ မတူဘူးပေါ့လေ အနော့်အမြင်ပြောပါတယ်.. လျှာ မရှည်တော့ဘူးနော်.. ဆက်ရှင်းမယ်… Program Structure 5 ချက်ကို…. :P ရှင်းတာတော့ရှင်းပြသွားပါ့မယ်..
သီအိုရီလိုမျိုးဖြစ်လို့ Piratical လောက် စိတ်ဝင်စား မှာမဟုတ်ပါဘူး…
နည်းနည်းလေးတော့ လိုက်ဖတ်ပေးစေ ချင်ပါတယ်. . အခေါ်အဝေါ်လေးတွေ ရင်းနှီးသွားအောင်ပေါ့..
1. Comment
သူကတော့ Programming language တိုင်းမှာ ပါ-ပါတယ်.. ယုတ်စွ အဆုံး HTML တွေမှာတောင်ပါ ပါတယ်… ဘာလုပ်တာလဲဆိုတော့ Comment ဆိုတဲ့အတိုင်း မှတ်ချက်ရေးထားခဲ့တာပါ. မရေးလည်းရပါတယ်. နောက်ပိုင်း Program ရေးတာ အကြီးကြီးဖြစ်လာရင် ကိုယ်ရေးတဲ့ Code ကိုတောင်မမှတ်မိချင်တော့ပါဘူး ဘယ်အပိုင်းကဘာလုပ်တယ်ဆိုတာသိအောင် Comment ရေးလို့ရပါတယ်.. Java မှာ ရေးချင်ရင်တော့ “//” ဆိုတာကိုသုံးပါတယ်.. ဥပမာ - “// Hello World”
2. Class Definition
သူကတော့ Java အခေါ်အဝေါ်တစ်ခုပါ.. Java Program တစ်ခု မှာ အနည်းဆုံး Class တစ်ခုရှိ ရပါမယ်. ( သီအိုရီနော် အနော်ပြောတာမဟုတ်ပု ) Naming Conversion အရ Class ရဲ့ အစကို Cap latter ပေးရပါတယ်… ဥပမာ - Cat.java ပေါ့.. Java ဖိုင်ရဲ့ Ext က .java ပါ
Java က Platform independent ပါ.. သို့သော်သူကသူ့ Framework မှာသူ Run ပါတယ်.. Java ရေးတော့မယ်ဆို ခင်ညားစက်မှာ JVM ( Java Virtual Machine ) ဆိုတာရှိရပါမယ်… (နောက်မှပေးမယ်နော် ခု သီအိုရီ တွေ Note လေးတွေထုတ်ပီးမှတ်ထား အရေးကြီးတယ် မရှင်းတာရှိ Comment နော်)
Java ဟာ Line by line complie လုပ်ပီး Run ပါတယ်… Java မှာသူ့ကိုယ်ပိုင် Compiler နဲ့လုပ်ပါတယ်.. ဥပမာ- ကျွန်တော်တို့ Code ရေးပီးရင် Vodakar.java ဆိုပီး Save ပါတယ်.. အဲတာ ကို ချက်ချင်း Run လို့မရပါဘူး .. စက်နားလည်တဲ့ ဖိုင်တစ်ခု ကိုပြန်ထုတ်ရပါတယ်.. အဲထုတ်လိုက်တဲ့ ဖိုင်ကို Run မှ ရတာပါ.. အဲမှာ အနော်တို့ Save လိုက်တဲ့ .java ကို စက်နားလည်တဲ့ .class ကိုပြောင်း မယ့် Converter လိုပါတယ်.. ( တကယ်တော့ အဲတာကို Compiler လို့ခေါ်ပါတယ်…) သူက JVM ထဲမှာပါပီးသားပါ…သိစေချင်တာက Java ဟာ Own compiler နဲ့ အလုပ်လုပ်တဲ့ကောင်ပါ.
(စိတ်မပျက် စေနဲ့နော်.. အားတင်းထား.. စိတ်ပါရင် ဘာမှဆို အောင်မြင်မှာပါ )
3. Main Method
သူကတော့ Class တစ်ခု အတွင်းမှာရှိတာပါ.. Class ဆိုတာခုနကပြောခဲ့သလိုပေါ့ ဖိုင်တစ်ခုပေါ့ :P နောက်ဆို သိသွားမှာပါ. :P Class တစ်ခုကို ခုနကပြောသလို Convert ပြောင်းပီး Run ရင် ဒီ Main method ကနေစပီး Run ပါတယ်… သူကတော့ Coding ပါပဲ..
4. Braces
သူကတော့ Program ၁ ပုဒ် ဘယ်ကစပီး ဘယ်ကဆုံးတယ်ဆိုတာ ဆုံးဖြတ်ပေးတဲ့ကောင်ပါ… ပီးရင် Code နမူနာ ပြပါ့မယ် .. Java မှာ Brace ကို “{}” နဲ့ တွေ့ရမှာပါ.. Java က Brace အဖွင့်ရှိရင် အပိတ်ရှိရပါတယ် အရေးကြီးတယ်နော်
5. Statement
သူကတော့ မပါမဖြစ်ပါရမယ့်ကောင်ပါ… တစ်နည်းအားဖြင့် Coding တွေကိုပြောတာပါ.. သူတို့ကိုဘယ်မှာရေးလဲဆိုတော့ Method တွေမှာရေးပါတယ်.. ဥပမာ Main Method လိုဟာမျိုးပေါ့
Simple Coding
public class Example { // Start the class braces
public static void main (String []args){ // is call main method
System.out.println(“Hello World”); // statement}
} // Ends of class braces
ဒီနေ့ကတော့ Program Structure အပိုင်းလေးပဲမို့.. မရှင်းတော့ဘူးနော်. နောက်နေ့ Coding ပါရေးရမယ် :3 အားတင်းထားပါဗျာ. ဒီနေ့ က ကျတော် မို့ပျင်းတာပါ.. ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ရအောင်. မရှင်းရင် မန့်. :P
No comments:
Post a Comment