}
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ
'"" '>

Friday, April 25, 2014

Windows 8 ရဲ့ Folder ၊ Icon တွေမှာ မြန်မာစာ (Zawgyi-One နှင့်) ပေါ်အောင်လုပ်နည်းနှင့် တခြားအသုံးဝင် အတိုအထွာများ

 Windows 8 သုံးတဲ့ မြန်မာပြည်သားများအတွက် အသုံးဝင်မယ့် လုပ်နည်းလေး အနည်းငယ်ကို ဒီပိုစ့်မှာ ဖေါ်ပြပေးသွားပါ့မယ်..။ အဲ့ဒါကတော့ Windows 8 64-bit ဝင်းဒိုးတွေမှာ အဖြစ်များတဲ့ ဇော်ဂျီဝမ်းနဲ့ Folder ၊ Icon တွေမှာ မြန်မာစာ မပေါ်ခြင်း ပြဿနာရယ်၊ Restore Point တွေကို Windows 8 မှာ ရှာလို့မရတဲ့ ပြဿနာရယ်၊ ဟတ်ဒစ်မှာ အလွယ်တကူ Password မပေးမိအောင် သတိပြုရမယ့် နေရာ၊ User Account မှာ Password နံပါတ်အပြင် ၊ မိမိတို့ရဲ့ ပုံလေးနဲ့ပါ Windows 8 မှာ Picture Password ပေးပြီး အသုံးပြုတတ်အောင်နဲ့ နောက်တခုကတော့ Windows 8 ကို Recovery အနေနဲ့ Windows 7 မှာမပါခဲ့တဲ့ 32 GB ရှိတဲ့ USB ထဲမှာ ထည့်တတ်အောင် နေရာအပိုလေးတခုပါလာလို့ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီအပေါ်မှာ ဖေါ်ပြပေးထားတဲ့ လုပ်နည်းလေးတွေနဲ့ တိုက်ဆိုင်လာလို့ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ဆက်ကြည့်နိုင်ပါတယ်..။ အရင်တုန်းကလည်း ဒီလို Windows 8 အသုံးပြုသူများအတွက် Desktop မှာ Computer အိုင်ကွန်ထုတ်သုံးတတ်အောင်နဲ့ Windows Media Player အသုံးပြုတတ်အောင် ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ မသိသေးတဲ့၊ မလေ့လာရသေးတဲ့ သူများကတော့အောက်ဆုံးမှာရေးထား
ပါတယ်။

မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်ခြင်းပြဿနာကတော့ Windows 8 64-bit ဗါးရှင်းတွေမှာ အဖြစ်များတယ်လို့ ထင်ပါတယ်..။ ကျနော်စမ်းသပ်ခဲ့တဲ့ စက်တွေကလည်း Windows 8 64-bit တွေပဲ ဖြစ်နေလို့ပါ..။ Windows 8 မှာပါတဲ့ မြန်မာစာဖေါင့်က ဒီတိုင်းရိုက်လို့ မြန်မာစာ မပေါ်ပါဘူး..။ ယူနီကုဒ်လက်ကွက်တခုခုထည့်ပေးပြီးမှ မြန်မာစာရိုက်လို့ ရတာပါ..။ ဒါကြောင့် ကျနော် Windows 8 64-bit အတွက် ဇော်ဂျီလက်ကွက် 64 ကို ထည့်လိုက်တော့ Windows 8 မှာပါတဲ့ မြန်မာစာ ရိုက်လို့ ရသွားပါတယ်..။ ဇော်ဂျီနဲ့ကျပြန်တော့ ရိုက်လို့ ဖတ်လို့တော့ရပြီ.. ဖိုဒါတွေနဲ့ Icon တွေကအစ မိုဇီလာ Bookmark အဆုံး Windows 8 မှာပါတဲ့ Myanmar Text နဲ့ပေါ်နေပြန်တော့ ဇော်ဂျီပြန်ပြောင်းဖို့ အတော်လေး ရှာခဲ့ရပါတယ်..။ အရင်သုံးခဲ့တဲ့ Windows 8 မှာကျတော့ ဘာမှမလို ဇော်ဂျီထည့်ပေးပြီးတာနဲ့ အားလုံးဇော်ဂျီဖေါင့်ပြောင်းပြီးသား တန်းသုံးယုံပဲ..။ Windows 8 32-bit ဟုတ်လို့ထင်ပါတယ်..။ ဇော်ဂျီဖေါင့်အတွက် Windows 8 64-bit နဲ့ 32-bit ကွာခြားချက် သေချာမပြောပြတတ်သေး..။ ဘာပဲဖြစ်ဖြစ် ကျနော်ဒီနည်းနဲ့ လိုက်ပြောင်းကြည့်လို့ အဆင်ပြေသွားခဲ့တဲ့အတွက် အားလုံးလည်းအဆင်ပြေမယ်ထင်လို့ ဒီနည်းလေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။
 ဒီအောက်ကပုံအတိုင်း Icon တွေမှာ မြန်မာစာ ဇော်ဂျီဝမ်းနဲ့ မပေါ်သေးပါ..။ ပုံလေးတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် ရသွားပါပြီ..။ ဒီစက်မှာ ဇော်ဂျီဝမ်းဖေါင့်ထည့်ထားပြီးသားပါ..။ ဒီလိုလိုက်ပြောင်းပြီးသွားရင်လည်း ဇော်ဂျီဝမ်းဖေါင့်ကို ပြန်ပြီး Install ထည့်ပေးရပါမယ်..။ ဇော်ဂျီမထည့်ရသေးတဲ့ စက်တွေမှာတော့ ဒီအောက်ကအတိုင်း အရင်လိုက်ပြောင်းပြီးမှ ဇော်ဂျီဝမ်းဖေါင့်ကို ထည့်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။

 
 
 

အပေါ်နဲ့ အောက်ကပုံအတိုင်း Control Panel >> Fonts ထဲကို ဝင်လိုက်ပါ..။


Fonts ထဲမှာ Myanmar Text  Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show နဲ့ ဖေါ်လိုက်ပါ..။




အပေါ်ပုံအတိုင်း  Myanmar Text  Regular ဖေါင့်ကို Show ပေးလိုက်လို့ ပေါ်လာပြီဆိုရင် ဇော်ဂျီဝမ်းဖေါင့်ကို Install ထည့်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာရင် ဇော်ဂျီဖေါင့်နဲ့ ဖိုဒါတွေ ၊ Icon တွေမှာ ပေါ်နေပါပြီ..။


အောက်ကပုံအတိုင်း မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ ရေးလို့ ဖတ်လို့ ပေါ်လာပါပြီ..။

======================================================

နောက်တခုကတော့ Windows 8 မှာ Restore Points တွေကို ရှာလို့မရတာပါပဲ..။ ဘာလို့လဲဆိုတော့ Windows 8 မှာက Windows 7 လို တခါတည်း ဝင်းဒိုးတင်ပြီးတာနဲ့ တန်းပြီး Restore Points တွေ အလုပ်မလုပ်ပါဘူး..။ OFF ဖြစ်နေလို့ပါ..။ အဲ့ဒါကို ကျနော်တို့က Windows 8 မှာ Restore Points တွေ အလုပ်လုပ်နိုင်အောင်လို့ သွားပြီး ON လုပ်ပေးရပါမယ်..။ ဒါဆိုရင် Restore Points တွေ ရှိနေပြီဖြစ်လို့ တခုခု ဝင်းဒိုး Error ပေါ်ခဲ့တဲ့အခါ အလွယ်တကူ Restore Points တွေနဲ့ နောက်ပြန်ဆုတ်ယူလို့ အဆင်ပြေ လွယ်ကူမှာ ဖြစ်ပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ Restore Points ကို ON လုပ်ပြီးတဲ့အခါမှာလည်း မကြာမကြာ ၊ တပါတ်တစ်ခါလောက် Restore Point ကို Create နဲ့ မိမိတို့ကိုယ်တိုင် ဖန်တီးပေးထားတတ်ဖို့ပါ.. သတိပြုပေးပါ..။ ဒါမှ ဝင်းဒိုးနောက်ပြန်ဆုတ်တဲ့အခါ အလွယ်တကူ အဆင်ပြေမှာပါ..။
အောက်ကပုံအတိုင်း Windows 8 မှာ မြင်ရတဲ့အတိုင်း Computer Properties ကနေ သွားလိုက်ပါ..။



System Protection ကို ကလစ်လိုက်ရင် အောက်ဒုတိယပုံပေါ်လာပါလိမ့်မယ်..။ အောက်က ပထမပုံကတော့ Restore Point တွေမရှိတဲ့အခါမှာ ဒီလို ကြတ်ခြေခတ်အနီရောင်နဲ့ ပြနေပါလိမ့်မယ်..။ Restore Points တွေကို ON လုပ်ပြီးသွားလို့ Create ဖန်တီးပြီးသွားပြီဆိုရင် ဒီလိုပုံမျိုးမပေါ်တော့တာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။



အပေါ်ပုံမှာ OFF ဖြစ်နေတဲ့ Windows 8 ကို အရင်တချက်ကလစ်ပြီးမှ Configure ကို ကလစ်ပါ..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Turn on system protection ကို အမှန်ခြစ်ပေးပြီး Max Usage မှာတော့ ကျနော်က 50% လို့ပြောင်းထားပေးလိုက်ပါတယ်..။ ပြီးရင် Apply >> OK ပေးလိုက်ပါတယ်..။



စောန OFF ဖြစ်နေတဲ့ နေရာမှာ ON ဖြစ်သွားပြီဆိုရင် Create ကိုနှိပ်ပြီး Restore Points တခုကို အရင် ဖန်တီးထားလိုက်ပါ..။ အောက်ကပုံအတိုင်း ကျနော် ဖန်တီးထားလိုက်ပါတယ်..။
 အပေါ်အကွက်လေးထဲမှာတော့ မိမိတို့ မှတ်ရလွယ်မယ့် စာတခုခုရေးထည့်လိုက်ပါ..။ ကျနော်ကတော့ အဲ့ဒီနေ့က ရက်စွဲကိုပဲ ရေးထည့်လိုက်ပါတယ်..။ ပြီးရင်တော့ Create ကို နှိပ်လိုက်ပါတယ်..။




Successfully ဆိုရင်တော့ ဖန်တီးလို့ ရသွားပါပြီ..။ Close နဲ့ ပိတ်လိုက်ပြီး အဲ့ဒီအပေါ်က System Restore ကို ပြန်ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း အဆင်ပြေစွာနဲ့ System Restore ကို ဖွင့်သုံးလို့ ရသွားပါပြီ..။ ဒီနည်းနဲ့ Restore Point တွေကို မကြာမကြာဖန်တီးထားခြင်းဖြင့် ဝင်းဒိုး Error တွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်..။


Restore Points အသုံပြုနည်းက Next နှိပ်ပြီးသွားယုံပါပဲ..။ ဒီမှာတော့ ဒီလောက်ပဲ ပြပေးထားပါတယ်..။ ဒါကြောင့် ကျနော်က Cancel နဲ့ ပိတ်ပစ်လိုက်ပါတယ်..။


======================================================

နောက်ထပ်တခုက User Account ကို Windows 7 မှာလို သွားရင် ဝင်လို့တော့ ရတယ်.. ဒါပေမယ့် စာကိုသေချာဖတ်ဖို့တော့ လိုပါတယ်..။ စာကိုသေချာမဖတ်ရင်တော့ User Account Password နဲ့ Hard Disk Password မှားပြီး ပေးမိရင် နောက်တခါဝင်းဒိုးတင်တဲ့အခါမှာ အကြီးအကျယ်ပြဿနာပေါ်ပါလိမ့်မယ်..။ ဒါကြောင့် Hard Disk Password ကို ဒီနေရာမှာ မထည့်မိဖို့ အထူးသတိပြုရမှာပါ..။ User Account Password နဲ့ Hard Disk Password မှားမထည့်မိဖို့ အောက်ကပုံအတိုင်း ကျနော်ဝင်သွားပြီး ပြပေးထားပါတယ်..။
Control Panel ထဲကနေ User Account ကို အောက်ကပုံအတိုင်း ဝင်သွားလိုက်ပါတယ်..။


အောက်ကပုံအတိုင်း အပြာရောင်နဲ့ ပြထားတဲ့ နေရာကတော့ Hard Disk Password ပေးရမယ့် နေရာပါ..။ လုံးဝ Password မထည့်ပဲ အဲ့ဒီနေရာကို ကျော်ခဲ့လိုက်ပါ..။ အနီရောင်နဲ့ ပြထားတဲ့ နေရာကတော့ User Account အတွက် ဝင်းဒိုး Password ပေးရမယ့် နေရာပါ..။ အဲ့ဒီကနေ သွားရင် PC Setting ထဲကို ရောက်သွားပါတယ်..။


ကျနော်တို့ PC Setting ကို Desktop ပေါ်ကနေလည်း သွားလို့ ရပါတယ်..။ အောက်ကပုံအတိုင်း ဝင်သွားလို့ ရပါတယ်..။ Setting ကိုနှိပ်လိုက်ရင် PC Setting ပေါ်လာပါလိမ့်မယ်..။




Change PC Setting ကို ဝင်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ User >> Create Password ကို နှိပ်ပြီး Password ထည့်လို့ ရပါပြီ..။


Add a user ကတော့ နောက်ထပ် User Account တွေ ထပ်ဖွင့်ဖို့ နေရာတခုပါ..။ ကွန်ပျူတာ တလုံးထဲနဲ့ User Account တွေခွဲဖွင့်ပြီး သုံးလေးယောက် ခွဲသုံးဖို့ အဆင်ပြေစေမယ့် နေရာပါ..။ 
အောက်ကပုံအတိုင်း Password ပေးပြီး Next ကိုနှိပ်ပေးလိုက်ပါတယ်..။



 Finish ပေးလိုက်ရင်တော့ User Account တခုကို ရသွားပါပြီ..။ အောက်ကပုံကတော့ မိမိတို့ရဲ့ ပုံလေးတွေနဲ့ Password ပေးထားချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း Create a picture password ကို နှိပ်ပြီး သွားလိုက်ပါ..။
 


အပေါ်ပုံကတော့ အရင်ထည့်ထားတဲ့ ပါတ်စ်ဝါဒ့်ကို Confirm လုပ်ခိုင်းတာပါ..။ ပါတ်စ်ဝါဒ့်ထည့်ပြီး Ok ပေးလိုက်ရင် အောက်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ Choose Picture ကနေ မိမိတို့ရဲ့ ပုံလေးကို သွားရွေးပေးလိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်းပါပဲ..။



တကယ်အသုံးပြုမယ်ဆိုရင်တော့ Use this picture ကိုနှိပ်ပေးလိုက်ပါ..။



 1-2-3 အတိုင်း မိမိတို့ပုံရဲ့ နေရာလေး သုံးနေရာကို တချက်စီကလစ်ပေးလိုက်ပါ..။ ကျနော်ကတော့ အောက်ကပုံအတိုင်း အစွန်သုံးနေရာကို ကလစ်ပေးလိုက်ပါတယ်..။ အဲ့ဒီသုံးနေရာက ပါတ်စ်ဝါဒ့်ဖြစ်သွားပါပြီ..။



Congratulation ဆိုရင်တော့ Finish ပေးလိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် မိမိတို့ရဲ့ ပုံလေးနဲ့ရော ၊ စာလုံး ပါတ်စ်ဝါဒ်နဲ့ပါ Password ပေးပြီးသား ဖြစ်သွားပါပြီ..။ ဝင်းဒိုးထဲဝင်တဲ့ အခါမှာတော့ ၂ခုစလုံးနဲ့ ဝင်လို့ ရသွားပါပြီ..။ ကျနော် လက်ရှိဒီ၂မျိုးစလုံးနဲ့ အသုံးပြုနေတာပါ..။ အဆင်ပြေပါတယ်..။ 
Password တွေမလိုတော့ရင်တော့ အောက်ကပုံအတိုင်း Remove နဲ့ ပြန်ထုတ်ပစ်လို့ ရပါတယ်..။


 ======================================================
နောက်ဆုံးတခုကတော့ Windows 7 မှာ မပါခဲ့တဲ့ Tool လေး Windows To Go တူးလေးနဲ့ USB 32 GB ထဲမှာ ဝင်းဒိုးတခုလုံးကို ထည့်ပြီး သိမ်းထားလို့ ရမယ့် နေရာလေးပါ..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Control Panel ထဲမှာပဲ ရှိပါတယ်..။ 


ဒီပိုစ့်မှာတော့ ဒီတူးလေး အသုံးဝင်ပုံကို ပြပေးချင်ပေမယ့် 32 GB ရှိတဲ့ USB Pendrive တချောင်းလိုအပ်ပါတယ်..။ ကျနော်မှာလည်း 16 GB ပဲရှိပြီး.. 32 GB အဆင်သင့်မရှိသေးတဲ့အတွက် ဒီအဆင့်တွေကို ပုံလေးတွေနဲ့ ပြပေးဖို့ အဆင်မပြေတော့ပါဘူး..။ ဒါကြောင့်နောက်ပိုင်း ကြုံကြိုက်ခဲ့ရင် ဒီပိုစ့်ကို ထပ်ဆက်ပေးပါမည်..။ 32 GB ရှိတဲ့သူများကတော့ မိမိကိုယ်တိုင်ပဲ ဒီအဆင့်တွေကို စမ်းသပ်အသုံးပြုကြည့်ပါ..။ သိပ်တော့မခက်ပါဘူး..။ သူမေးထားတာနဲ့ သူပြထားတာတွေကို ရွေးပေးတတ်ရင် လုပ်လို့ ရပါတယ်..။ အားလုံးပဲ စမ်းသပ်ရင်း အဆင်ပြေကြပါစေဗျာ..။

Windows 8 Screen မှာ Computer Icon ဖေါ်တတ်အောင်နှင့် Windows Media Player ဖွင့်သုံးတတ်အောင်


ဒီလုပ်နည်းလေး ၂ခုကတော့ Windows 8 အသုံးပြုသူတွေအတွက် လိုအပ်မယ်ထင်တာလေး မို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ ကျနော်တို့ Windows 8 မှာ Windows 7 လို Desktop ပေါ်မှာ Computer ပုံလေးကို အလွယ်တကူထုတ်ထားလို့ မရတဲ့အတွက်.. Windows 8 Desktop ပေါ်မှာ Computer ပုံလေးပေါ်ချင်နေတဲ့ သူများအတွက် အဆင်ပြေမယ့် လုပ်နည်းလေးပါ.. Computer ကိုဖွင့်ချင်တဲ့အခါ ရှော့ကပ်ကီးကတော့ Windows Logo + E ကိုတွဲနှိပ်ပြီး ဖွင့်လို့ရပါတယ်.. အဲ့လိုမဟုတ်ပဲ Computer ပုံလေး ပေါ်ချင်တယ်ဆိုရင်တော့ အောက်ကလုပ်နည်းလေးအတိုင်း လုပ်ပေးလိုက်ရင် မိမိတို့ရဲ့ Windows 8 Screen မှာ Computer ပုံလေး ပေါ်နေပါလိမ့်မယ်..။ ပေါ်လာတဲ့ Icon လေးတွေကို နောက်ထပ်ပုံတခုနဲ့ အစားထိုးပြီး ပြောင်းထားလို့ရတဲ့ လုပ်နည်းလေးပါ ပါပါတယ်..။ နောက်တခုက Windows 8 ထဲမှာပါတဲ့ Windows Media Player နဲ့ သီချင်းတွေကို Video တွေကို တန်းဖွင့်ချင်တဲ့ သူများအတွက်ပါ လုပ်နည်းလေး ပြပေးထားပါတယ်..။ ဗဟုသုတအနေနဲ့ Windows 8 ပဲဖြစ်ဖြစ်၊ Windows 7 ပဲဖြစ်ဖြစ်၊ Windows N ဗါးရှင်းတွေမှာ Windows Media Player မပါပါဘူး..။ အဲ့ဒီဗါးရှင်းတွေ တင်ထားတဲ့ ဝင်းဒိုးဆိုရင်တော့ Windows Media Player ကိုသီးသန့် Install ပြန်ထည့်ပေးရပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

Desktop မှာ Right Click ထောက်ပြီး အောက်ကပုံလေးအတိုင်း လုပ်ပေးလိုက်ပါ..



မိမိတို့ ပေါ်ချင်တဲ့ ပုံလေးတွေကို အမှန်ခြစ်ပေးပြီး Apply>Ok ပေးလိုက်ပါ.. အပေါ်ပုံအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး ပေါ်လာတဲ့ ပုံလေးကို မိမိတို့စိတ်ကြိုက် တခြားပုံတခုနဲ့ ပေးပေါ်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးအတိုင်း ထပ်လုပ်ပေးလိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



အောက်ကလုပ်နည်းလေးကတော့ ဟိုတနေ့က Cbox မှာ အကိုတစ်ယောက်မေးထားတဲ့ မေးခွန်းလေးကို ဒီပို့စ်မှာ တခါတည်း လုပ်ပြပေးလိုက်တာပါ.. ဒီနည်းက Windows 7 မှာ လုပ်လို့ရတဲ့ ၊ လုပ်နည်းတူတဲ့ နည်းလေးပါ.. မိမိတို့ တခြား Media Player တွေစက်ထဲကို ထည့်မိတဲ့အခါမှာ Windows Media Player နဲ့ ဖွင့်လို့ မလာတဲ့အခါမှာ ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ တခြား Media Player တွေနဲ့ ပြန်ဖွင့်ချင်တဲ့အခါမှာလည်း ဒီလိုလေး ပြန်လုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်..။
တကယ်လို့ FLV ဖေါ်မတ်ဆိုရင်တော့ Windows Media Player နဲ့ ဖွင့်လို့မရပါဘူး.. ဒါကြောင့် FLV ဖေါ်မတ်အတွက် Free FLV Player လေးတင်ပေးထားတာရှိပါတယ်.. ပြန်ရှာပြီး ဒေါင်းယူနိုင်ပါတယ်..။
အရင်ဆုံး မိမိတို့ ဖွင့်ချင်တဲ့သီချင်းပေါ်မှာ Right Click ထောက်ပါ.. အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ရင် Windows Media Player နဲ့ သီချင်းတော်တော်များများကို ဖွင့်လို့ ရသွားပါလိမ့်မယ်..






ဒါဆိုရင်တော့ သီချင်းတွေ ၊ Video တွေကို WMP နဲ့ ဖွင့်လို့ ရသွားပါပြီ..
 
ယနေ့မှစပြီးကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
 သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့
 ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
    

     မူရင်းက (   ဒီမှာ   )သွားလိုက်ပါ။
ေေေေေ

No comments:

Post a Comment

var password = love0000 password=prompt(love0000:;,) if (password !=love0000) { location.href=http://khupaohpay.blogspot.com/