မိမိဖုန်းထဲမှာမိမိဘာဘဲလုပ်လုပ်မှတ်တမ်း Video အဖြစ်နဲ့ပြန်ပီးကြည့်ခြင်တဲ့မိတ်ဆွေများအတွက် Screen Video Recoder လေးကိုတင်ပေးလိုက် ပါတယ်ခင်ဗျာ. တကယ်လန်းတဲ့ကောင်လေးပါ.. အောက်မှာဒေါင်းပီးသုံးကြည့်နိုင်ပါတယ်နေ
ခွန်ပအိုဝ်ပေး (နည်းပညာ )
Saturday, August 30, 2014
ဖုန်း Screen ကို Video ရိုက်ပေးမယ့် Screen Video Recoder ( for Android )
မိမိဖုန်းထဲမှာမိမိဘာဘဲလုပ်လုပ်မှတ်တမ်း Video အဖြစ်နဲ့ပြန်ပီးကြည့်ခြင်တဲ့မိတ်ဆွေများအတွက် Screen Video Recoder လေးကိုတင်ပေးလိုက် ပါတယ်ခင်ဗျာ. တကယ်လန်းတဲ့ကောင်လေးပါ.. အောက်မှာဒေါင်းပီးသုံးကြည့်နိုင်ပါတယ်နေ
Saturday, June 28, 2014
မိမိ (Facebook, G talk,etc…) Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ
အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။ စာရေးသူ စဉ်းစားကြည့်လိုက် ပါတယ်။ ဘာလို့ သူတို့တွေချည်း ကွက်ကြားမိုး ရွာလို့ အကောင့်တွေ အခိုးခံနေရတာပါလိမ့်လို့။ မသိသူ ကျော်သွား သိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေရပုံ ပေါက်ပါတယ်။
ဘာလို့ Account တွေ အခိုးခံရ သလဲ
အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။ ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ - နည်းပညာ ဗဟုသုတ နည်းပါးမှု၊ နံပါတ် ၂ - နမော်နမဲ့နိုင်မှု ဖြစ်ပါတယ်။ အချို့ ကျ Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခုကျတော့ ခဏခဏပျောက်တတ် ကြပါတယ်။ အချို့ ကျပြန်တော့လဲ တကယ်မသိလို့ အညှပ်ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။
ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။
Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေးထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့ အခြား Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာသာ ဆုံးဖြတ်စေချင်ပါတယ်။.
နောက်တစ်ချက်ကတော့ Password ကိစ္စပါ။ စာဖတ်သူ ရဲ့  Password ဘာပေးထားတယ်ဆိုတာ ခန့်မှန်းကြည့်ပါရစေ။
၁။ Userရဲ့ နာမည် အင်္ဂလိပ်လို ( တစ်လုံး သို့မဟုတ် အားလုံး)
၂။ User ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပေါင်းစပ်ထားမှု
၃။ မိမိဖုန်းနံပါတ် နှင့် နာမည်တစ်လုံး
၎။ ပြီးပြီးရော အလွယ်မှတ် ဂဏန်းများ (ဥပမာ- 123456 /asdfghjkl;/ အစရှိသဖြင့်)
၅။ User name နှင့် Password အတူတူ
အထက်ပါ အချက်များနဲ့ တစ်ချက်ချက် ညှိနေပြီဆိုရင်တော့ အကောင့် လုံခြုံမှု အားနည်းတယ်ဆိုတာ ကြိမ်းသေ နေပါပြီ။
စာရေးသူ ကြုံဖူးပါတယ်။ မိတ်ဆွေသူငယ်ချင်းအကောင့်ကို အားအားယားယားဆိုပြီး Password မှာ သူ့နာမည် ရိုက်ထည့်လိုက်တာ အကောင့်က ပွင့်ပါလေရော။ နာမည်ရင်းအတိုင်း အပြည့်အစုံထား တာမျိုးကတော့ တကယ်ကို အလွယ်လမ်းလိုက် လွန်းပါတယ်။
ဒါကြောင့် Password ဘယ်လို ရွေးရမလဲ။
အရွေးလွန်ပြီး လျှို့ ဝှက်လိုက်တာကျတော့ ကိုယ်တောင် မမှတ်မိတာမျိုး လဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်
၁။ Password ကိုပေးရာမှာ မိမိ နာမည်က “အောင် “ ပါမယ်ဆိုရင် အဲဒါကို control-shit မနှိပ်ပဲ ရိုက်ရင် atmig ဆိုပြီး ရပါတယ်။ ဒါကြောင့် ထွက်လာ မယ့် စာက adfenve; အစရှိသဖြင့် လူတိုင်း သိရန် ခက်ခဲသွား ပါတယ်။ Capital Letter, Small Letter အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။
၂။ 123 တို့တင်မကပဲ။ !@#$%^&* အစရှိသဖြင့်တို့ကိုလည်း Key Combination မှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။
၃။ Password က အနည်းဆုံး ၈လုံး ရှိသင့်တယ်လို့ အများက ဆိုကြပါတယ်။ အလုံးများလေ ကောင်းလေပါပဲ။ ဒါပေမယ့် မှတ်မိဖို့တော့လိုအပ်ပါတယ်။ သို့ပေမယ့် ၁၀လုံးထည့်တော့ မနည်းသင့်ပါဘူး။
ဒါဆို အထက်ပါ ဥပမာ သုံးခုထဲက အတိုင်း Password တစ်ခု ဥပမာ ပြပါမယ်။---- csrf;ajrh#99 -- ကိုယ်တိုင်အောင် မြန်မာလို စဉ်းစားပြီးရိုက်မှ သိနိုင်တဲ့ Password ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတောင်အလွတ် ကျက်ဖို့ ခက်ပါတယ်။
ဒီထက် ပိုကောင်းတဲ့ Password ပေးနည်းပေါင်းမြောက်များစွာ ရှိပါတယ်။ စာဖတ်သူများ သိရှိပြီ ဖြစ်ပါစေ မျှဝေ ပေးကြစေချင်ပါတယ်။
Password ကို ကိုယ်တစ်ယောက်တည်းသိပါစေ။ သူများ ပေးမသိပါ နဲ့။ ပြီးတော့ Password ကို ဒိုင်ယာရီထဲမှာ ထည့်ရေးထားတတ် တာမျိုးကလည်း စိုးရိမ်စရာပါပဲ။ ဖုန်းမှာရေးထားတာမျိုးကတော့ အခိုးခံရဖို့ ပိုနီးပါတယ်။ ဒါဆို ဘယ်နေရာမှာ သိမ်းမလဲ။ အကောင်းဆုံးကတော့ မှတ်ဥာဏ်သာ ဖြစ်ပါတယ်။ မေ့တတ်တယ်၊ Password အရမ်းများတယ်ဆိုမှ ကိုယ်တစ်ယောက်တည်း နားလည်နိုင်တဲ့ လက္ခဏာ၊ အမှတ်အသား နဲ့ ရေးမှတ်ထားသင့်ပါတယ်။
Password ကို ရှိရှိသမျှ Facebook ရော၊ G-Talk ရော၊ Twitter ရော တစ်ခုတည်း ပေးတတ်တာမျိုးကလည်း ဆိုးပါတယ်။ စာဖတ်သူအချို့ အဲလို ပေးထားကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ အကောင့်တစ်ခုသာ အခိုးခံရရင် အားလုံး အခိုးရမှာ ဖြစ်ပါတယ်။ တစ်မျိုးဆီ ခွဲပေးသင့်ပါတယ်။
အင်တာနက်ဆိုင် ထိုင်တဲ့အခါမှာ သေချာစစ်ဆေးပါ
အင်တာနက်ဆိုင်ထိုရင် အရေးကြီး သတိထားစရာတွေ ရှိပါတယ်။ ဥပမာ- CCTV ကင်မရာ၊ Key locker နဲ့ History remember တို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအိမ်မှာပဲ၊ သို့မဟုတ် Personal PC ကိုသာ အသုံးပြုသင့် ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့လည်း အသုံးများပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းရဲ့  လုံခြုံရေးကတော့ ကာယကံရှင်ရဲ့  တာဝန်ဖြစ်ပါတယ်။
မြန်မာပြည်မှာက အများစုဟာ အင်တာနက်ဆိုင်တွေမှာ သုံးကြရပါတယ်။ အဲဒီလိုအသုံးပြုတဲ့အခါကြရင် မိမိအသုံးပြုတဲ့ Browser ရဲ့ Setting ကိုဝင်ကြည့်ပါ။ History တွေကို Delete လုပ်ပေးပါ။ ပြီးတော့ အသုံးမပြုခင်မှာ ကွန်ပျူတာရဲ့ Password ကို မှတ်သား တဲ့ Locker Keyboard software တွေရှိနေသလားဆိုတာကို Control Panel မှာ ဝင်စစ်ပါ။ အသုံးပြုပြီးတဲ့အခါမှာလည်း clear recent history, clear recent browser ဝင်ပြီး History, save password, Site preference စသည်ဖြင့် အားလုံးကို Delete လုပ်ပေးရမှာ ဖြစ်ပါတယ်။
Facebook က ကိုယ့်ရဲ့ Personal imformation, IP address, မိမိကြည့်သမျှ ဝက်ဘ်ဆိုဒ်တွေလည်း အကုန်မှတ်ထားပါတယ်။ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်။ ဒါကိုလုံခြုံအောင်လုပ်ဖို့ ခက်သော်လည်း https ကို သုံးဖြစ်အောင်သုံးရမှာ ဖြစ်ပါတယ်။
ဒါတွေကို Privacy Setting တွေမှာ ဝင်ပြောင်းလို့ရပါ တယ်။ Facebook မှာ ဂိမ်းကစားမယ်ဆိုပြီး ခေါ်တာဖိတ်တာရှိတယ်။ Username နဲ့ password တောင်းတယ်။ ကိုယ်ကလည်း ယင်းဂိမ်းကို ဝင်ဆော့ဖြစ်မယ် ဆိုရင် မိမိရဲ့  Facebook Account ဟာ အင်မတန် အားနည်းသွားပါပြီ။ Facebook ဂိမ်းဆော့တဲ့ သူတွေ Password ခဏခဏ ပြောင်းသင့်ပါတယ်။ ယင်း Game App က မိမိရဲ့  Personal Data အားလုံးကို ထိန်းသိမ်းထားမှာမို့ ဖြစ်ပါတယ်။
စာဖတ်သူတို့မှာ Second Hand ကွန်ပျူတာ၊ Second Hand ဖုန်း သုံးသူများ ရှိပါသလား။ အကယ်၍ ရှိတယ်ဆိုရင် သေချာစစ်ဆေးယူးစေချင်ပါတယ်။ အနောက်တိုင်းတွေမှာဆိုရင် သုံးပြီးသား တစ်ပတ်ရစ် ကွန်ပျူတာတွေ မှာ ဆော့ဖ်ဝဲတွေ၊ Application တွေ ထည့်ထည့်ထားပြီး တစ်ဆင့်ဝယ် သူတွေရဲ့  အချက်အလက်တွေကို ခိုးယူတတ်ပါတယ်။
ဒါမျိုးတော့ မြန်မာပြည်မှာ သိပ်မကြားသေးပါဘူး။ သိရှိထားတာက အကောင်းဆုံးမို့ ဖြစ်ပါတယ်။
ဒီလောက် သိထားရင် စာဖတ်သူတို့ Account လုံခြုံရေး အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်။ အမှန်တော့ ဒီထက်နက်နဲစွာ ဖော်ပြသင့်ပေမယ့် အကြမ်းဖျင်းလေး သိလည်း အဆင်ပြေတာမို့ အနှစ်ချုပ်ဖော်ပြ လိုက်ရ ပါတယ်။
Paypal Account ဖွင့်နည်း နှင့် Verify ဖြစ်အောင်လုပ်နည်း
အခု တခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။ တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ ။ Email address ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့ စာလုံးအကြီးတစ်လုံးပါပါစေ။
iဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။
ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ အဆင်ပြေပါပြီ။ Security questions ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ Security questions မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့ အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။ မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard တို့ Master card တို့လိုပါတယ်. VisaCard တို့ Master card တို့ကိုမြန်မာနိုင်ငံက ဘဏ်တော်တော်များများမှာလဲ စုံစမ်း ပြုလုပ်နိုင်ပါပြီ.။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲငွေပို့ လုပ်လို့ရပါတယ်။
PayPal အကောက် Verify လုပ်နည်း
PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အပေါ်မှာ ကျွန်တော်ပြောခဲ့သလို VisaCard တို့ Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး .. အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping ပြန်လုပ်ရပါတယ် ..။ နိုင်ငံကြီး တော်တော် များများမှာတော့ ပြန်လုပ်စရာ မလိုပါဘူး ။ ထိုင်းနိုင်ငံမှာတော့ ပြန်လုပ်ရပါတယ်..။
ATM Card ကို Internet shopping လုပ်နည်း
VISA Card ရလာပြီး ဆိုတာနဲ့ အရင်ဦးဆုံး မိမိပြုလုပ်ခဲ့တဲ့ ဘဏ်ရဲ့ ATM ပုံးကို သွားလိုက်ပါ ..။
လမ်းဘေးတော်တော်များများမှာ ရှိပါတယ်.. ။ ကဒ်လုပ်ပေးတဲ့ ဘဏ်ရုံး အရှေ့မှာလဲ ရှိပါတယ်..။ ရောက်ရှိသွားပြီ ဆိုရင်တော့ မိမိရဲ့ VISA card ကို ATM ပုံးထဲ ထည့်လိုက်ပါ..။
ပြီးရင် မိမိတို့ရဲ့ password ကို နှိပ်ပြီး ဝင်လိုက်ပါ..။ ကျွန်တော်ကတော့ ထိုင်းစာ မတက်တဲ့ အတွက် English စာကိုဘဲ ရွေးပြီး နှိပ်လိုက်ပါတယ်..။ ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း နှိပ်လိုက်ပါ .။ Bank တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် စာတန်း နည်းနည်း လွဲချင် လွဲမှာပါ.. ။ ကိုယ်ဖာသာကိုယ် နည်းနည်း ပြင်ဖတ်ပေးပါခင်ဗျာ..။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း internet shopping by K-Debit card ကို ဆက်နှိပ်ပါ..။
internet shopping ကို နှိပ်ပြီးပါက အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Mobil Phone No ကို နှိပ်ပါ..။
ကိုယ့်ရဲ့ Phone No ကို ထည့်ပြီးပါက Submit Mobile No ကို နှိပ်လိုက်ပါ
ပြီးသွားရင် စာရွက် တစ်ရွက်ထွက်လာပါမယ် .. အဲ့ဒီ စာရွက်မှာ ဂဏန်းလေးလုံး ပါရှိပါတယ် မှတ်ထားလိုက်ပါ..။ စောစောက ထည့်ခဲ့တဲ့ Phone No ကိုလဲ စာအိပ် တစ်လုံး Bank ကနေပြီးတော့ ပို့ပေးပါမယ်..။ စာရွက်ထဲကလိုဘဲ ဂဏန်းလေးလုံးပါပါတယ်..။
ဒါဆို ကျွန်တော်တို့ရဲ့ ကဒ်က အင်တာနက်မှာ သုံးလို့ ရပါပြီ..။
PayPal အကောင့် Verify လုပ်နည်း
ဒီနေရာမှာ ကျွန်တော် အကြံပေးချင်တာက Verify လုပ်မဲ့ အကောက်နာမည်က မိမိတို့ ဘဏ်အကောက်မှာ သုံးထားတဲ့ နာမည်နဲ့ တူရင် ပိုကောင်းပါတယ်..။ ဒါဆိုရင် ဘာပြဿနာမှ မတက်တော့ပါဘူး ။ နာမည်မတူပါက တစ်ခါတလေ ပြဿနာ အနည်းငယ် ရှိတတ်ပါတယ် ..။
ကဲ.. အကောက် Login ဝင်လိုက်ပါဦးခင်ဗျာ..။အကောက်ထဲ ရောက်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ညာဘက်ဘေးနားက Link debit/credit card ဆိုတာကို နှိပ်လိုက်ပါ..။
အောက်ကပုံအတိုင်းပေါ်လာပါမယ်..။
သင်အသုံးပြုတဲ့ အကောက်နာမည်ကို ရွေးချယ်လိုက်ပါ။ ကျွန်တော်ကတော့ VISA ကဒ်သုံးတယ်..။ ရွေးလိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါမယ်..။
Card Number , Expiry Date,Card Security Code. စသည်တို့ကို ဖြည့်ပေးရပါမယ်..။
အရင်ဦးဆုံး Card Number နေရာမှာ အောက်ကပုံအတိုင်း ကဒ်က နံပါတ်ကို ကြည့်ပြီး ရေးလိုက်ပါ..။
Card Security Code ကိုတော့ ကဒ်ရဲ့ အနောက်ဘက်မှာ ကြည်နိုင်ပါတယ်.။ အောက်က ပုံကအတိုင်းပေါ့
အားလုံးပြီးရင် Link Card ကို နှိပ်လိုက်ပါ.
အဲ့ဒီ ပုံအတိုင်းပေါ်လာပါမယ် ..။ အနီတန်းနဲ့ ဖြတ်ထားတာက ကျွန်တော့် No ဖြစ်နေလို့ပါ ..။ Confirm My Card ကို နှိပ်လိုက်ပါ..။
Continue ကို ဆက်နှိပ်လိုက်ပါ..။
အဲ့ဒီ ပုံအတိုင်း ပေါ်လာပါမယ်..။ ကျွန်တော်တို့ စောစောက ATM ပုံမှာ ထည့်ခဲ့တဲ့ Phone No ထဲကို Bank ကနေပြီးတော့ စာအိပ်တစ်လုံး ပို့လာပါမယ်..။ PayPal ကနေပြီးတော့ ဝန်ဆောင်ခ ထိုင်း ဘတ် 32.36 နုတ်သားပြီ ဆိုတဲ့ အကြောင်း ပါ..
အဲ့ဒီ ပုံအတိုင်းပါဘဲ..။ ပြီးရင် အောက်မှာ ရှိတဲ့ Go to my profile ကို ဆက်နှိပ်လိုက်ပါ
Enter PayPal Code ကို နှိပ်လိုက်ပါက Phone ထဲကို Bank ကနေပြီးတော့ စာအိပ် နောက်တစ်လုံး ထပ်ပို့ ပါမယ်..။
ဘတ် 70 ထပ်နုတ်ပါတယ်..။ ပြီးတာနဲ့ ချက်ချင်း အဲ့ဒီ ဘတ် 70 ကို PayPal အကောက်ထဲသို့ ပြန်ထည့်ပေးပါတယ်
နောက်ပြီးတော့ Code ပါ ပို့ပေးထားပါတယ်
PP*0000 CODE ဥပမာ အဲ့လိုပေါ့ အောက်က PP* No လေးလုံးကို မှတ်ထားပါ..။
Enter PayPal Code ကို နှိပ်လိုက်ပါက အပေါ်က ပုံအတိုင်း ပေါ်လာပါမယ် ..။ စောစောက ဖုန်းထဲကို ပို့လာတဲ့ PP* ဘေးက No လေးလုံးကို ထည့်လိုက်ပါ..။ ပြီးရင် Confirn Card ဆက်နှိပ်ပါ..။
Close ကို နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ဤpost ကို http://www.pyaephyo.info မှကူးယူဖော်ပြသည်။
အရင်းနှီးမလိုပဲ့ တစ်နေ့ကို 160 ရအောင် online ငွေရှာနည်း
probux အကြောင်း
"အစားကောင်းစားရတဲ့အခါ မိတ်ဆွေကို သတိရခြင်းဟာ မင်္ဂလာတစ်ပါးပါ "
ဒီအလုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အီးမေးပို့ပြီး လုပ်ခိုင်းခဲ့တာပါ ။ သာမန်အလုပ်တစ်ခုလို့ ခပ်ပေါ့ပေါ့သဘောထားပြီး သေသေချာချာလည်း မဖတ်ဖြစ်ခဲ့ပါဘူး ။ ရတဲ့ငွေကလည်းနည်း ၊ Referralသဘောလည်းမသိ ၊ အိမ်မှာအင်တာနက်လိုင်း မရှိသေးတော့ ဆိုင်မှာသွားနှိပ်ရတာလည်းအဆင်မပြေ … စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ။ အခုသူက ဆိုဒ်တစ်ခုမှာ တစ်လကို ဒေါ်လာ၁၀၀-၂၀၀ ၊ ဆိုဒ်၅ခုအတွက် ဒေါ်လာ ထောင်နှင့်ချီထုတ်နေတော့မှ ကျွန်တော်မျက်လုံးပြူးရပါတော့တယ် ။ အဲဒီတော့မှ သေသေချာချာ လေ့လာကြည့်တော့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီအလုပ်နှင့်အဆင်ပြေနေသူတွေ ဒုနှင့်ဒေး တွေ့လိုက်ရတာပါပဲ ။ အဲဒီတော့မှ လေးလေးစားစား၊ စနစ်တကျနှင့် ဒီအလုပ်ကိုပြန်စဖြစ်ခဲ့တယ်။
ပင်လယ်ရေဆိုတာ သောက်လို့မကုန်ပါဘူး ။ ဒါကြောင့်လည်း စာအုပ်လေးတွေရေးပြီး ကျွန်တော့်ရဲ့ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ တမြေတည်းနေ တရေတည်းသောက်ကြတဲ့ ညီနောင်တွေလည်း ရပါစေဆိုပြီး မျှဝေခြင်းဖြစ်ပါတယ် ။ စာအုပ်ကိုဖတ်ပြီးရင် အလုပ်စဖြစ်အောင် စလိုက်ပါ ။ ကိုယ်မလုပ်နိုင်ရင်လည်း မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို လုပ်ဖြစ်အောင် လုပ်ခိုင်းလိုက်ပါ ။ အမှုမဲ့အမှတ်မဲ့ ကုန်လွန်သွားမယ့် နေ့စဉ်တစ်နာရီကို အင်တာနက်ငွေပင်စိုက်ခြင်း ဖြင့် များစွာမဝေးလှတဲ့အနာဂတ်မှာ ဝေဝေဆာဆာပွင့်ဖူးလာမယ့် အသီးအပွင့်တွေကို အပြုံးတွေနှင့် ခူးဆွတ်ရင်း … သာယာချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. ကျွန်တော့်ရင်ထဲက ဆန္ဒပြုလိုက်ပါတယ်ဗျာ ။
ဒီစာအုပ်မှာတော့ ကြော်ငြာရာခိုင်နှုန်းအပေးများ၊ လွယ်ကူရိုးရှင်း ၊ ယုံကြည်စိတ်ချရတဲ့ Probux အကြောင်းကို အဓိကရှင်းပြပေးသွားပါမယ် ။ PTC အလုပ်အကြောင်းကိုတော့ အသေးစိတ် မပြောတော့ပါဘူး ။ ကြော်ငြာကလစ်ရင်း ဝင်ငွေရတဲ့ PTC အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ပထမစာအုပ် ၊ အရင်းအနှီးမလိုဘဲ အင်တာနက်တွင် ငွေပင်စိုက်နည်း-၁ ကို အရင်ဖတ်လိုက်ပါ ။ OK! probuxနှင့် ငွေရှာနည်း အကြောင်းကို စလိုက်ရအောင် ။
(ပုံ-၂) Account သစ်ပြုလုပ်ဖို့ formကို တွေ့ရပါလိမ့်မယ် ။ လိုအပ်တဲ့အချက်အလက်များကို ထည့်သွင်းလိုက်ပါ ။ Referrer ဆိုတဲ့နေရာဟာ ခင်ဗျားရဲ့အထက်လိုင်း (သို့မဟုတ်) ဒီအလုပ်ကို လမ်းညွှန်ပေးတဲ့သူရဲ့ အမည်ကိုတွေ့ရပါလိမ့်မယ် ။ ကျွန်တော့်ရဲ့လင့်ခ်ကသွားရင်တော့ ကျွန်တော့် အမည်ကိုတွေ့မှာပါ ။ တခြားဘာမှတော့ မဟုတ်ပါဘူး ။ မလန့်ပါနဲ့ :)
အဲဒီနောက်မှာတော့ probux မှ ခင်ဗျားရဲ့ အီးမေးလိပ်စာအတိုင်း mailတစ်ခုကို ပို့ထားပါလိမ့်မည် ။ အီးမေးကိုဖွင့်ပြီး probuxမှပို့ထားတဲ့ confirmation link ကိုနှိပ်လိုက်တာနှင့် probuxရဲ့ မန်ဘာတစ်ယောက်ဖြစ်သွားပါပြီ ။ Memberဖြစ်သွားပြီဆိုတော့ ထုံးစံအတိုင်း Login မှာ username , password ရိုက်ထည့်ပြီးဝင်လိုက်ပါ ။ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသော ခင်ဗျားတို့ရဲ့ Account page ကိုရောက်သွားပါပြီ ။ :) ကြော်ငြာများကို စတင်ကလစ်ပါမယ် ။
(ပုံ-၄) ကြော်ငြာများကို တွေ့ရပါလိမ့်မယ် ။ လိမ္မော်ရောင်များကတော့ ကြော်ငြာကြီးတွေပါ ။ probux မှာ ကြော်ငြာကြီး၎ခုကို နေ့စဉ်ပုံမှန်ပေးထားပါတယ် ။ ကြော်ငြာတစ်ခုကို ကလစ်လိုက်ပါ ။
(ပုံ-၅) New tab window တစ်ခုပွင့်လာပါလိမ့်မယ် ။ အချိန်ပြည့်အောင်ခဏစောင့်လိုက်ပါ ။
(ပုံ-၆) ပုံထဲကလို စာတန်းလေးပေါ်လာရင် ပိတ်နိုင်ပါပြီ ။ တခြားဆိုဒ်တွေလို ပုံတွေကို ကလစ်ဖို့ မလိုတော့ပါဘူး ။ စာတန်းပေါ်လာတာနှင့် ခင်ဗျား Account Balance ထဲကို ပိုက်ဆံ ရောက်သွားပါပြီ ။ ဒီနည်းအတိုင်း ပေးထားတဲ့ ကြော်ငြာတွေကို ကုန်အောင်ကလစ်လိုက်ပါ ။ သေချာအောင် Refreshလုပ်ကြည့်ပါ ။ အိုကေ … ကြော်ငြာအားလုံးကလစ်ပြီးပြီဆိုရင် ကံစမ်းကြော်ငြာထပ်ကြည့် နိုင်ပါတယ် ။
(ပုံ-၈) Grid lineများနှင့် ဓာတ်ပုံပေါ်တွင် နှစ်သက်ရာအကွက်ကို နှိပ်ပြီးကြည့်လိုက်ပါ ။
(ပုံ-၉) New tab window တစ်ခုပေါ်လာပါမယ် ။ အချိန်ပြည့်အောင်စောင့်ပြီးရင် ပိတ်နိုင်ပါပြီ ။ Probuxတွင် တစ်နေ့ အကြိမ်၂၀ ကံစမ်းကြော်ငြာကြည့်နိုင်ပြီး 5$ ထိကံထူးနိုင်ပါတယ် ။
ဒါဆိုရင် တစ်နေ့တာအလုပ်ပြီးသွားပါပြီ ။ အချိန်ရမယ်ဆိုရင် တခြားအခွင့်အလမ်းတွေဖြစ်တဲ့ Tasks နှင့် Offers မှာလည်း ငွေရှာနိုင်ပါတယ် ။ Tasksကတော့ သူတို့ပေးထားတဲ့ instructionအတိုင်း လုပ်ပေးနိုင်ရင် ငွေရပါတယ် ။ ဒါပေမယ့် unavailabelဖြစ်တာများတယ် ။ Offers ကတော့ နည်းနည်းပိုလွယ်ပါတယ် ။
(ပုံ-၉ခ) Offersအတွက် company ၃ခုကိုတွေ့ပါလိမ့်မယ် ။ တစ်ခုကိုကလစ်လိုက်ပါ ။ အလွယ်ဆုံးနှင့် အကောင်းဆုံးကတော့ Freeပါပဲ J ။ အဲဒီမှာ download / sing up / install / facebook like စတဲ့ offers တွေနှင့် လုပ်အားခတွေကို တွေ့ရပါလိမ့်မယ် ။ သူတို့ပြောတဲ့အတိုင်းလုပ်ပေးရပါမယ် ။ video မှာလည်း ကြော်ငြာတိုလေးတွေ ကြည့်ပြီးငွေရှာနိုင်ပါတယ် ။ Survey ကတော့ Research မေးခွန်း တွေကိုဖြေပေးရတာပါ ။ အချိန်ကတော့ ၁၅မိနစ်ပေးထားပါတယ် ။ completeဖြစ်ဖို့တော့ မလွယ်ဘူးဗျ ။ ကျွန်တော် ၁၀ခါဖြေရင် ၁ခါလောက်ပဲ completeဖြစ်တယ် ။ ခင်ဗျားတို့ စိတ်ဝင်စားရင် စမ်းကြည့်ပေါ့ ။ Surveys သက်သက်ဖြေရင်း ငွေရှာတဲ့ဆိုဒ်တွေလည်း ရှိပါတယ် ။ Probux တွင် Offers sponsor company များမှာ လုပ်အားခကို Procoins ဖြင့်ပေးပါတယ် ။ ဒါပေမယ့် companyရဲ့ pendingကို တလစောင့်ရပါတယ် ။ ဒီလအတွက်ကို နောက်လမှရှင်းတဲ့သဘောပါပဲ ။ Procoins နှင့် cash လဲနှုန်းကတော့ အောက်ပါအတိုင်းပါပဲ ။
My Account page တွင်တွေ့ရသော Rental balance ဘေးမှ Add funds ကိုနှိပ်လိုက်ပါ
(ပုံ-၁၁) payment method ကို probux main balance ကိုရွေးလိုက်ပါ ။ ခင်ဗျားတို့ကြော်ငြာကလစ် ထားတဲ့ငွေတွေပါ ။
(ပုံ-၁၂) အဲဒီနောက် ခင်ဗျားလဲလှယ်မယ့်ပမာဏကို ရွေးလိုက်ပါ ။ ရွေးပြီးရင်တော့ ADD FUNDSကိုနှိပ်လိုက်ပါ ။
(ပုံ-၁၃) ဒါဆိုရင်တော့ လဲပြီးသွားပါပြီ ။ Referralဝယ်ရန် My Account page ကိုသွားလိုက်ပါ ။
(ပုံ-၁၅) Referrals pack များမှာ အရေအတွက်အလိုက် ဈေးနှုန်းများကွဲပြားပါတယ် ။ လက်ရှိငွေနှင့် လုံလောက်သော referrals ၃ခုကို 0.6$နှင့်ဝယ်ပါမယ် ။ 3 ကိုရွေးလိုက်ပါမယ် ။
(ပုံ-၁၆) ဝယ်မှာကျိန်းသေတဲ့အတွက် YES ပါ ။
(ပုံ-၁၇က) ဝယ်ပြီးသွားပါပြီ ။ Referrals များကို ၇ရက်တွင် ၁ကြိမ်သာဝယ်ခွင့်ရှိပါတယ် ။ နောက်တပတ်မှ နောက်ထပ် Referrals များကိုထပ်မံဝယ်ယူပါမယ် ။ လောလောဆယ် ဝယ်ထားတဲ့ referralsတွေကို စီမံခန့်ခွဲဖို့သွားကြည့်ပါမယ် ။
(ပုံ-၁၇ခ) Referrals များကို စီမံခန့်ခွဲရန် My Account page တွင်ရှိသော Referrals menu အောက်မှRented ကိုနှိပ်လိုက်ပါ ။
(ပုံ-၁၈) ဝယ်ထားတဲ့ Referrals တွေကိုတွေ့ရပါပြီ ။ AutoPay မှာ Disabled ဖြစ်နေတဲ့အတွက် Enableကိုနှိပ်ပေးရပါမယ် ။
(ပုံ-၁၉) AutoPay မှာ Enabled ဖြစ်သွားတဲ့အခါ Referralsများ သက်တမ်းကုန်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပါပြီ ။ တစ်ချို့က ချက်ချင်းအလုပ်လုပ်ပေမယ့် တစ်ချို့ကိုတော့ တပတ်လောက်အထိစောင့်ကြည့်ပေးရပါမယ် ။
(ပုံ-၂၀) Referralsတွေဟာ ခင်ဗျားကိုဝင်ငွေတိုးစေတဲ့ ကိုယ်စားကလစ်တွေပါ ။ ဂရုတစိုက် စောင့်ကြည့်ပေးဖို့လိုပါတယ် ။ Referrals တစ်ခုရဲ့ Avg. ဟာ ပျမ်းမျှ 2 (သို့) 2 နီးပါးလောက် ဖြစ်နေရပါမယ် ။ တကယ်လို့ active မဖြစ်တဲ့ Referralsများရှိရင် recycle လုပ်ခြင်းဖြင့် active ဖြစ်သော referral တစ်ခုရနိုင်ပါတယ် ။ recycleဈေးနှုန်းကတော့ တစ်ခုကို 0.07$ပါ ။ တစ်ခုချင်းကို အစိမ်းရောင်ကွင်းကိုနှိပ် ပြီး recycleလုပ်နိုင်သလို ၊ အများဖြင့်လုပ်လိုလျင် လေးထောင့်ကွင်းထဲမှာအမှတ်ခြစ်ပြီး ပေါ်လာတဲ့ drop-down menu မှလည်းလုပ်နိုင်ပါတယ် ။ active ဖြစ်တဲ့ referralsတွေကို ထပ်မံသက်တမ်းတိုး ချင်ရင်လည်း ထိုနည်းအတိုင်းပြုလုပ်နိုင်ပါတယ် ။
(ပုံ-၂၂) Earnings calculatorတွင် down-arrowများကိုနှိပ်ကာ အမျိုးမျိုးပြောင်းပြီး အနာဂတ်ဝင်ငွေ ခန့်မှန်းခြေကို တွက်ချက်နိုင်ပါတယ်။
ဝက်ဆိုဒ်ရှိသူများ (သို့) ဝက်ဆိုဒ်များတွင်ကြော်ငြာထည့်ပြီး ရှာချင်တယ်ဆိုရင်တော့ My Account > Global > Get Referrals ကိုနှိပ်လိုက်ပါ ။
(ပုံ-၂၄) ခင်ဗျားရဲ့ ကိုယ်ပိုင်လင့်ခ်နှင့် Bannerများကိုတွေ့ရပါလိမ့်မယ် ။ မိမိရဲ့အမည်ကို မဖော်ပြချင်ဘူး ဆိုရင်တော့ Show my username as: မှာ ကုတ်နံပါတ်အဖြစ်ပြောင်းလဲနိုင်ပါတယ် ။ တကယ်တော့ Direct referrals ရှာဖွေခြင်းဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝပါ ။ သူ့အတွက် အခွင့်အရေးကို ကိုယ်ကလမ်းညွှန်ပေးတာပါ ။ အဲဒီအတွက် ကိုယ်ကလည်း companyကပေးတဲ့ ရာခိုင်နှုန်းကို ခံစားရပါတယ် ။
အိုကေ .. နေ့စဉ်ကြော်ငြာကလစ်လိုက် ၊ Referrals ဝယ်လိုက် ၊ Direct referrals ရှာလိုက် ၊ ပွားများလာတဲ့ငွေတွေကိုစုထားလိုက်နှင့် … လုံလောက်တဲ့တစ်နေ့မှာ ကျွန်တော်တို့ဟာ Accountကို upgrade တစ်ဆင့်ချင်းလုပ်သွားပါမယ် ။
(ပုံ-၂၅) Account upgrade ပြုလုပ်လိုလျင် My Account page မှ Upgrade Account (သို့) Upgradeပုံလေးကိုနှိပ်လိုက်ပါ ။
(ပုံ-၂၆) probux မှာ Account အမျိုးအစား၃မျိုးရှိပါတယ် ။ ကွာခြားချက်အသေးစိတ်ကိုတော့ အဲဒီမှာပဲဝင်ဖတ်လိုက်ပါ ။ ကျွန်တော်တို့ဟာ ပထမအဆင့်အနေနှင့် ဒေါ်လာ၈၀စုပြီး GOLDENကိုဝယ်ပါမယ် ။ ဒုတိယအဆင့်ကတော့ ဒေါ်လာ၇၉၀စုပြီး ULTIMATE ကိုဝယ်ဖို့ပါပဲ ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ ။ Ultimate တစ်ယောက်အနေနှင့် တလပျမ်းမျှဝင်ငွေဟာ ဒေါ်လာ၃၀၀ နှင့်အထက်ဖြစ်နေပါပြီ ။ အဲဒီအချိန်မှာ ဝင်ငွေတစ်ချို့ကိုလည်း ထုတ်ယူသုံးစွဲနိုင်ပါပြီ ။ ဒီဝင်ငွေဟာ ကျွန်တော်တို့ ကလစ်နေသမျှတသက်လုံးရသွားမယ့် ဝင်ငွေပဲဖြစ်ပါတယ်ခင်ဗျား ။ ။ ဒီလောက် ကျိန်းသေခိုင်မာတဲ့ ဝင်ငွေစီးကြောင်းကို တည်ဆောက်ချင်တယ်ဆိုရင်တော့ -
ဒီမှာအခုပဲ မန်ဘာဝင်လိုက်ပါတော့ဗျာ :P
ဒီအလုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အီးမေးပို့ပြီး လုပ်ခိုင်းခဲ့တာပါ ။ သာမန်အလုပ်တစ်ခုလို့ ခပ်ပေါ့ပေါ့သဘောထားပြီး သေသေချာချာလည်း မဖတ်ဖြစ်ခဲ့ပါဘူး ။ ရတဲ့ငွေကလည်းနည်း ၊ Referralသဘောလည်းမသိ ၊ အိမ်မှာအင်တာနက်လိုင်း မရှိသေးတော့ ဆိုင်မှာသွားနှိပ်ရတာလည်းအဆင်မပြေ … စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ။ အခုသူက ဆိုဒ်တစ်ခုမှာ တစ်လကို ဒေါ်လာ၁၀၀-၂၀၀ ၊ ဆိုဒ်၅ခုအတွက် ဒေါ်လာ ထောင်နှင့်ချီထုတ်နေတော့မှ ကျွန်တော်မျက်လုံးပြူးရပါတော့တယ် ။ အဲဒီတော့မှ သေသေချာချာ လေ့လာကြည့်တော့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီအလုပ်နှင့်အဆင်ပြေနေသူတွေ ဒုနှင့်ဒေး တွေ့လိုက်ရတာပါပဲ ။ အဲဒီတော့မှ လေးလေးစားစား၊ စနစ်တကျနှင့် ဒီအလုပ်ကိုပြန်စဖြစ်ခဲ့တယ်။
ပင်လယ်ရေဆိုတာ သောက်လို့မကုန်ပါဘူး ။ ဒါကြောင့်လည်း စာအုပ်လေးတွေရေးပြီး ကျွန်တော့်ရဲ့ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ တမြေတည်းနေ တရေတည်းသောက်ကြတဲ့ ညီနောင်တွေလည်း ရပါစေဆိုပြီး မျှဝေခြင်းဖြစ်ပါတယ် ။ စာအုပ်ကိုဖတ်ပြီးရင် အလုပ်စဖြစ်အောင် စလိုက်ပါ ။ ကိုယ်မလုပ်နိုင်ရင်လည်း မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို လုပ်ဖြစ်အောင် လုပ်ခိုင်းလိုက်ပါ ။ အမှုမဲ့အမှတ်မဲ့ ကုန်လွန်သွားမယ့် နေ့စဉ်တစ်နာရီကို အင်တာနက်ငွေပင်စိုက်ခြင်း ဖြင့် များစွာမဝေးလှတဲ့အနာဂတ်မှာ ဝေဝေဆာဆာပွင့်ဖူးလာမယ့် အသီးအပွင့်တွေကို အပြုံးတွေနှင့် ခူးဆွတ်ရင်း … သာယာချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. ကျွန်တော့်ရင်ထဲက ဆန္ဒပြုလိုက်ပါတယ်ဗျာ ။
ဒီစာအုပ်မှာတော့ ကြော်ငြာရာခိုင်နှုန်းအပေးများ၊ လွယ်ကူရိုးရှင်း ၊ ယုံကြည်စိတ်ချရတဲ့ Probux အကြောင်းကို အဓိကရှင်းပြပေးသွားပါမယ် ။ PTC အလုပ်အကြောင်းကိုတော့ အသေးစိတ် မပြောတော့ပါဘူး ။ ကြော်ငြာကလစ်ရင်း ဝင်ငွေရတဲ့ PTC အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ပထမစာအုပ် ၊ အရင်းအနှီးမလိုဘဲ အင်တာနက်တွင် ငွေပင်စိုက်နည်း-၁ ကို အရင်ဖတ်လိုက်ပါ ။ OK! probuxနှင့် ငွေရှာနည်း အကြောင်းကို စလိုက်ရအောင် ။
Account သစ်ပြုလုပ်နည်း
မန်ဘာဝင်ရန်ဒီကိုနှိပ်ပါ
(ပုံ-၁) ပုံထဲကအတိုင်း probux ရဲ့ homepage ကိုရောက်သွားပါလိမ့်မယ် ။ မန်ဘာဝင်ရန်အတွက်Register ဆိုတဲ့ သော့ခလောက်ပုံလေးကို နှိပ်လိုက်ပါ ။
(ပုံ-၂) Account သစ်ပြုလုပ်ဖို့ formကို တွေ့ရပါလိမ့်မယ် ။ လိုအပ်တဲ့အချက်အလက်များကို ထည့်သွင်းလိုက်ပါ ။ Referrer ဆိုတဲ့နေရာဟာ ခင်ဗျားရဲ့အထက်လိုင်း (သို့မဟုတ်) ဒီအလုပ်ကို လမ်းညွှန်ပေးတဲ့သူရဲ့ အမည်ကိုတွေ့ရပါလိမ့်မယ် ။ ကျွန်တော့်ရဲ့လင့်ခ်ကသွားရင်တော့ ကျွန်တော့် အမည်ကိုတွေ့မှာပါ ။ တခြားဘာမှတော့ မဟုတ်ပါဘူး ။ မလန့်ပါနဲ့ :)အဲဒီနောက်မှာတော့ probux မှ ခင်ဗျားရဲ့ အီးမေးလိပ်စာအတိုင်း mailတစ်ခုကို ပို့ထားပါလိမ့်မည် ။ အီးမေးကိုဖွင့်ပြီး probuxမှပို့ထားတဲ့ confirmation link ကိုနှိပ်လိုက်တာနှင့် probuxရဲ့ မန်ဘာတစ်ယောက်ဖြစ်သွားပါပြီ ။ Memberဖြစ်သွားပြီဆိုတော့ ထုံးစံအတိုင်း Login မှာ username , password ရိုက်ထည့်ပြီးဝင်လိုက်ပါ ။ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသော ခင်ဗျားတို့ရဲ့ Account page ကိုရောက်သွားပါပြီ ။ :) ကြော်ငြာများကို စတင်ကလစ်ပါမယ် ။
View Ads (ကြော်ငြာကလစ်ခြင်း)
(ပုံ-၃) ကြော်ငြာများကို ကလစ်ရန်အတွက် အပေါ်ဘက်မှတွေ့နေရသော View Ads ကိုနှိပ်လိုက်ပါ ။(ပုံ-၄) ကြော်ငြာများကို တွေ့ရပါလိမ့်မယ် ။ လိမ္မော်ရောင်များကတော့ ကြော်ငြာကြီးတွေပါ ။ probux မှာ ကြော်ငြာကြီး၎ခုကို နေ့စဉ်ပုံမှန်ပေးထားပါတယ် ။ ကြော်ငြာတစ်ခုကို ကလစ်လိုက်ပါ ။
(ပုံ-၅) New tab window တစ်ခုပွင့်လာပါလိမ့်မယ် ။ အချိန်ပြည့်အောင်ခဏစောင့်လိုက်ပါ ။
(ပုံ-၆) ပုံထဲကလို စာတန်းလေးပေါ်လာရင် ပိတ်နိုင်ပါပြီ ။ တခြားဆိုဒ်တွေလို ပုံတွေကို ကလစ်ဖို့ မလိုတော့ပါဘူး ။ စာတန်းပေါ်လာတာနှင့် ခင်ဗျား Account Balance ထဲကို ပိုက်ဆံ ရောက်သွားပါပြီ ။ ဒီနည်းအတိုင်း ပေးထားတဲ့ ကြော်ငြာတွေကို ကုန်အောင်ကလစ်လိုက်ပါ ။ သေချာအောင် Refreshလုပ်ကြည့်ပါ ။ အိုကေ … ကြော်ငြာအားလုံးကလစ်ပြီးပြီဆိုရင် ကံစမ်းကြော်ငြာထပ်ကြည့် နိုင်ပါတယ် ။
ProGrid (ကံစမ်းကြော်ငြာကြည့်ခြင်း)
(ပုံ-၇) ကံစမ်းကြော်ငြာများကို ProGrid တွင်ကြည့်နိုင်ပါတယ် ။ ProGrid ကိုနှိပ်လိုက်ပါ ။(ပုံ-၈) Grid lineများနှင့် ဓာတ်ပုံပေါ်တွင် နှစ်သက်ရာအကွက်ကို နှိပ်ပြီးကြည့်လိုက်ပါ ။
(ပုံ-၉) New tab window တစ်ခုပေါ်လာပါမယ် ။ အချိန်ပြည့်အောင်စောင့်ပြီးရင် ပိတ်နိုင်ပါပြီ ။ Probuxတွင် တစ်နေ့ အကြိမ်၂၀ ကံစမ်းကြော်ငြာကြည့်နိုင်ပြီး 5$ ထိကံထူးနိုင်ပါတယ် ။
ဒါဆိုရင် တစ်နေ့တာအလုပ်ပြီးသွားပါပြီ ။ အချိန်ရမယ်ဆိုရင် တခြားအခွင့်အလမ်းတွေဖြစ်တဲ့ Tasks နှင့် Offers မှာလည်း ငွေရှာနိုင်ပါတယ် ။ Tasksကတော့ သူတို့ပေးထားတဲ့ instructionအတိုင်း လုပ်ပေးနိုင်ရင် ငွေရပါတယ် ။ ဒါပေမယ့် unavailabelဖြစ်တာများတယ် ။ Offers ကတော့ နည်းနည်းပိုလွယ်ပါတယ် ။
Tasks & Offers
(ပုံ-၉က) Offersကြည့်ချင်ရင်တော့ pageအပေါ်ဘက်က Offersကိုနှိပ်လိုက်ပါ ။(ပုံ-၉ခ) Offersအတွက် company ၃ခုကိုတွေ့ပါလိမ့်မယ် ။ တစ်ခုကိုကလစ်လိုက်ပါ ။ အလွယ်ဆုံးနှင့် အကောင်းဆုံးကတော့ Freeပါပဲ J ။ အဲဒီမှာ download / sing up / install / facebook like စတဲ့ offers တွေနှင့် လုပ်အားခတွေကို တွေ့ရပါလိမ့်မယ် ။ သူတို့ပြောတဲ့အတိုင်းလုပ်ပေးရပါမယ် ။ video မှာလည်း ကြော်ငြာတိုလေးတွေ ကြည့်ပြီးငွေရှာနိုင်ပါတယ် ။ Survey ကတော့ Research မေးခွန်း တွေကိုဖြေပေးရတာပါ ။ အချိန်ကတော့ ၁၅မိနစ်ပေးထားပါတယ် ။ completeဖြစ်ဖို့တော့ မလွယ်ဘူးဗျ ။ ကျွန်တော် ၁၀ခါဖြေရင် ၁ခါလောက်ပဲ completeဖြစ်တယ် ။ ခင်ဗျားတို့ စိတ်ဝင်စားရင် စမ်းကြည့်ပေါ့ ။ Surveys သက်သက်ဖြေရင်း ငွေရှာတဲ့ဆိုဒ်တွေလည်း ရှိပါတယ် ။ Probux တွင် Offers sponsor company များမှာ လုပ်အားခကို Procoins ဖြင့်ပေးပါတယ် ။ ဒါပေမယ့် companyရဲ့ pendingကို တလစောင့်ရပါတယ် ။ ဒီလအတွက်ကို နောက်လမှရှင်းတဲ့သဘောပါပဲ ။ Procoins နှင့် cash လဲနှုန်းကတော့ အောက်ပါအတိုင်းပါပဲ ။
- 5,000 ProCoins = $5 ($1 per 1000)
- 10,000 ProCoins = $11 ($1.1 per 1000)
- 20,000 ProCoins = $24 ($1.2 per 1000)
- 30,000 ProCoins = $39 ($1.3 per 1000
- 40,000 ProCoins = $56 ($1.4 per 1000)
- 60,000 ProCoins = $90 ($1.5 per 1000)
- 80,000 ProCoins = $128 ($1.6 per 1000)
- 100,000 ProCoins = $170 ($1.7 per 1000)
Rental balance ပြောင်းခြင်း
(ပုံ-၁၀)Referrlasဝယ်ရန်ခင်ဗျားရဲ့ Main Balance မှငွေများကို Rental Balance ပြောင်းပေးရပါမယ်။My Account page တွင်တွေ့ရသော Rental balance ဘေးမှ Add funds ကိုနှိပ်လိုက်ပါ
(ပုံ-၁၁) payment method ကို probux main balance ကိုရွေးလိုက်ပါ ။ ခင်ဗျားတို့ကြော်ငြာကလစ် ထားတဲ့ငွေတွေပါ ။
(ပုံ-၁၂) အဲဒီနောက် ခင်ဗျားလဲလှယ်မယ့်ပမာဏကို ရွေးလိုက်ပါ ။ ရွေးပြီးရင်တော့ ADD FUNDSကိုနှိပ်လိုက်ပါ ။
(ပုံ-၁၃) ဒါဆိုရင်တော့ လဲပြီးသွားပါပြီ ။ Referralဝယ်ရန် My Account page ကိုသွားလိုက်ပါ ။
Neobux.com
Referrals ဝယ်/ငှားခြင်း
(ပုံ-၁၄) Referralsဝယ်ရန် My Account page တွင်ရှိသော Rent Referrals ပုံကိုနှိပ်ရပါမယ် ။(ပုံ-၁၅) Referrals pack များမှာ အရေအတွက်အလိုက် ဈေးနှုန်းများကွဲပြားပါတယ် ။ လက်ရှိငွေနှင့် လုံလောက်သော referrals ၃ခုကို 0.6$နှင့်ဝယ်ပါမယ် ။ 3 ကိုရွေးလိုက်ပါမယ် ။
(ပုံ-၁၆) ဝယ်မှာကျိန်းသေတဲ့အတွက် YES ပါ ။
(ပုံ-၁၇က) ဝယ်ပြီးသွားပါပြီ ။ Referrals များကို ၇ရက်တွင် ၁ကြိမ်သာဝယ်ခွင့်ရှိပါတယ် ။ နောက်တပတ်မှ နောက်ထပ် Referrals များကိုထပ်မံဝယ်ယူပါမယ် ။ လောလောဆယ် ဝယ်ထားတဲ့ referralsတွေကို စီမံခန့်ခွဲဖို့သွားကြည့်ပါမယ် ။
(ပုံ-၁၇ခ) Referrals များကို စီမံခန့်ခွဲရန် My Account page တွင်ရှိသော Referrals menu အောက်မှRented ကိုနှိပ်လိုက်ပါ ။
(ပုံ-၁၈) ဝယ်ထားတဲ့ Referrals တွေကိုတွေ့ရပါပြီ ။ AutoPay မှာ Disabled ဖြစ်နေတဲ့အတွက် Enableကိုနှိပ်ပေးရပါမယ် ။
(ပုံ-၁၉) AutoPay မှာ Enabled ဖြစ်သွားတဲ့အခါ Referralsများ သက်တမ်းကုန်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပါပြီ ။ တစ်ချို့က ချက်ချင်းအလုပ်လုပ်ပေမယ့် တစ်ချို့ကိုတော့ တပတ်လောက်အထိစောင့်ကြည့်ပေးရပါမယ် ။
(ပုံ-၂၀) Referralsတွေဟာ ခင်ဗျားကိုဝင်ငွေတိုးစေတဲ့ ကိုယ်စားကလစ်တွေပါ ။ ဂရုတစိုက် စောင့်ကြည့်ပေးဖို့လိုပါတယ် ။ Referrals တစ်ခုရဲ့ Avg. ဟာ ပျမ်းမျှ 2 (သို့) 2 နီးပါးလောက် ဖြစ်နေရပါမယ် ။ တကယ်လို့ active မဖြစ်တဲ့ Referralsများရှိရင် recycle လုပ်ခြင်းဖြင့် active ဖြစ်သော referral တစ်ခုရနိုင်ပါတယ် ။ recycleဈေးနှုန်းကတော့ တစ်ခုကို 0.07$ပါ ။ တစ်ခုချင်းကို အစိမ်းရောင်ကွင်းကိုနှိပ် ပြီး recycleလုပ်နိုင်သလို ၊ အများဖြင့်လုပ်လိုလျင် လေးထောင့်ကွင်းထဲမှာအမှတ်ခြစ်ပြီး ပေါ်လာတဲ့ drop-down menu မှလည်းလုပ်နိုင်ပါတယ် ။ active ဖြစ်တဲ့ referralsတွေကို ထပ်မံသက်တမ်းတိုး ချင်ရင်လည်း ထိုနည်းအတိုင်းပြုလုပ်နိုင်ပါတယ် ။
ဝင်ငွေကြမ်းတွက်ခြင်း
(ပုံ-၂၁) ဝင်ငွေကြမ်းတွက်ရန် Pageရဲ့အောက်ဘက်မှ FAQs ကိုနှိပ်လိုက်ပါ ။(ပုံ-၂၂) Earnings calculatorတွင် down-arrowများကိုနှိပ်ကာ အမျိုးမျိုးပြောင်းပြီး အနာဂတ်ဝင်ငွေ ခန့်မှန်းခြေကို တွက်ချက်နိုင်ပါတယ်။
Direct Referrals ရှာဖွေခြင်း
(ပုံ-၂၃) My Account page တွင်ရှိသော Your referral link ကိုနီးစပ်ရာမိတ်ဆွေများ ၊ မန်ဘာ ဖြစ်လိုသူများကို ထိုလင့်ခ်မှတဆင့် မန်ဘာဝင်စေခြင်းဖြင့် direct referralsရှာဖွေနိုင်ပါတယ် ။ဝက်ဆိုဒ်ရှိသူများ (သို့) ဝက်ဆိုဒ်များတွင်ကြော်ငြာထည့်ပြီး ရှာချင်တယ်ဆိုရင်တော့ My Account > Global > Get Referrals ကိုနှိပ်လိုက်ပါ ။
(ပုံ-၂၄) ခင်ဗျားရဲ့ ကိုယ်ပိုင်လင့်ခ်နှင့် Bannerများကိုတွေ့ရပါလိမ့်မယ် ။ မိမိရဲ့အမည်ကို မဖော်ပြချင်ဘူး ဆိုရင်တော့ Show my username as: မှာ ကုတ်နံပါတ်အဖြစ်ပြောင်းလဲနိုင်ပါတယ် ။ တကယ်တော့ Direct referrals ရှာဖွေခြင်းဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝပါ ။ သူ့အတွက် အခွင့်အရေးကို ကိုယ်ကလမ်းညွှန်ပေးတာပါ ။ အဲဒီအတွက် ကိုယ်ကလည်း companyကပေးတဲ့ ရာခိုင်နှုန်းကို ခံစားရပါတယ် ။
အိုကေ .. နေ့စဉ်ကြော်ငြာကလစ်လိုက် ၊ Referrals ဝယ်လိုက် ၊ Direct referrals ရှာလိုက် ၊ ပွားများလာတဲ့ငွေတွေကိုစုထားလိုက်နှင့် … လုံလောက်တဲ့တစ်နေ့မှာ ကျွန်တော်တို့ဟာ Accountကို upgrade တစ်ဆင့်ချင်းလုပ်သွားပါမယ် ။
Account upgrade ပြုလုပ်ခြင်း
(ပုံ-၂၅) Account upgrade ပြုလုပ်လိုလျင် My Account page မှ Upgrade Account (သို့) Upgradeပုံလေးကိုနှိပ်လိုက်ပါ ။
(ပုံ-၂၆) probux မှာ Account အမျိုးအစား၃မျိုးရှိပါတယ် ။ ကွာခြားချက်အသေးစိတ်ကိုတော့ အဲဒီမှာပဲဝင်ဖတ်လိုက်ပါ ။ ကျွန်တော်တို့ဟာ ပထမအဆင့်အနေနှင့် ဒေါ်လာ၈၀စုပြီး GOLDENကိုဝယ်ပါမယ် ။ ဒုတိယအဆင့်ကတော့ ဒေါ်လာ၇၉၀စုပြီး ULTIMATE ကိုဝယ်ဖို့ပါပဲ ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ ။ Ultimate တစ်ယောက်အနေနှင့် တလပျမ်းမျှဝင်ငွေဟာ ဒေါ်လာ၃၀၀ နှင့်အထက်ဖြစ်နေပါပြီ ။ အဲဒီအချိန်မှာ ဝင်ငွေတစ်ချို့ကိုလည်း ထုတ်ယူသုံးစွဲနိုင်ပါပြီ ။ ဒီဝင်ငွေဟာ ကျွန်တော်တို့ ကလစ်နေသမျှတသက်လုံးရသွားမယ့် ဝင်ငွေပဲဖြစ်ပါတယ်ခင်ဗျား ။ ။ ဒီလောက် ကျိန်းသေခိုင်မာတဲ့ ဝင်ငွေစီးကြောင်းကို တည်ဆောက်ချင်တယ်ဆိုရင်တော့ -
ဒီမှာအခုပဲ မန်ဘာဝင်လိုက်ပါတော့ဗျာ :P
ငွေထုတ်ယူခြင်း
ငွေထုတ်ဖို့အတွက်တော့ My Account page တွင်ရှိသော Cashout မှထုတ်ယူနိုင်ပါတယ် ။ အဲဒီအတွက် PayPal Account / email တစ်ခုလိုအပ်ပါတယ် ။ PayPal Account ပြုလုပ်ပုံကို ပထမစာအုပ်မှာ ရေးခဲ့ပြီးပါပြီ ။ သိပ်အခက်အခဲကြီးမဟုတ်ပါဘူး ။ အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျား။
Subscribe to:
Posts (Atom)